ခရမ်း စက်တင်ဘာ ၅
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဦးဆောင်၍ ခရမ်း မြို့မဈေးကြီး ဈေးအတွင်းနှင့် ပျံကျဈေးတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက်ဝယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းမပါရှိ သူများအား Mask များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း အတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ခရမ်းမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ပျံကျဈေးတွင်လည်း သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ဈေးအတွင်းဝင် ရောက်ခွင့်မပြုဘဲ mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေး အသိပညာပေးခြင်းများကို ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးမိုးကျော်နှင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများက ခရမ်းမြို့မဈေးကြီး အဝင်တွင် ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးရောင်း ဝယ်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်လမ်းညွှန်ချက်အား လိုက်နာမှု ရှိစေရေး ကွင်းဆင်း စစ်ဆေး၍ mask များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း( ခရမ်း )