ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာ သင်တန်းဆင်းပွဲပြုလုပ်

ဖလမ်း           စက်တင်ဘာ   ၅

ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းဘုရား ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဖလမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များကို မြို့နယ် မီးသတ်းဦးစီးမှူးနှင့် ကျေးရွာတာဝန်ရှိသူများက ပေးအပ်ကြ သည်။

ထို့နောက် သင်တန်းသားများက မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခဲ့ကြသည်။ အဆိုပါသင်တန်းကို သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့ထိ ပြုလုပ်ကာ သင်တန်းတွင် ခေါ်ပွာလ်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဂျွန်