ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းကိုဗစ် - ၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အလှူငွေနှင့် လိုအပ်သောပစ္စည်းများလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကိုဗစ် - ၁၉ ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်ရွေ့လျားကိုယ်အပူချိန်တိုင်းတာသည့်စက်တပ်ဆင်ထားသည့် ကားကြီးများဖြင့်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်များ၏ လမ်းများ အလိုက် ပြည်သူများကို ကျန်းမာရေး စစ်ဆေး ပေးမည့်ဖြစ်ကြောင်းအလှူရှင်များ၏ လှူဒါန်းမှုများအတွက် ကျေးဇူးတင်ပါကြောင်းနှင့် ရခိုင်ပြည်နယ်ကိုလည်းမျှဝေလှူဒါန်းမည့်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက် ၆ လုံး ၊ ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကျောက်မျက်ကုမ္ပဏီ ကွတ်ခိုင်မှ ငွေကျပ်သိန်း ၃၀၀နှင့် နှာခေါင်းစည်း ၃၀၀၀၀ ခု ၊ U Sai Philip Yee + Daw Phyu Phyu Min မိသားစုမှ ငွေကျပ်သိန်း၃၀၀ တန်ဖိုးရှိပစ္စည်းများ ၊ ဦးရူပ + ဒေါက်တာနှင်းဟေမာန်အောင်မိသားစု မှငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ နှာခေါင်းစည်း ၁၀၀၀၀၀ ခု ၊ ကျင်းလုံမြန်မာ့စက်မှုလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီ မှ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ PPE ၂၀၀၀ စုံ ၊ဒေါက်တာမျိုးမျိုး မှ ငွေကျပ် သိန်း ၂၀ နှင့် ကျပ်သိန်း ၃၀တန်ဖိုးရှိ လေသန့်စင်စက် ၁ လုံး ၊ နှာခေါင်းစည်း ၅၀၀၀ ခု ၊မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ ငွေကျပ် သိန်း ၅၀တန်ဖိုးရှိ ပစ္စည်းများ ၊ ထွန်းမြင့်အောင်ကုမ္ပဏီ မှ ငွေကျပ် ၄၁ , ၅၀၀၀၀ တန်ဖိုးရှိ PPE ၁၀၀ စုံ ၊ N - 95 Mask ၂၅၀၀ ခု ၊ Dettol ၅၀ ဗူး ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟို မှငွေကျပ် ၂၇ သိန်းနှင့် နှာခေါင်းစည်း ၅၀၀၀ ခု ၊ ဦးကျော်ထွဋ်ခေါင် Eslite Garment Co.Ltd မှ ငွေကျပ် ၂၈ သိန်း တန်ဖိုးရှိ ရာဘာလက်အိတ် ၂၀၀၀၀ စုံ ၊ GME Conctruction Group မှငွေကျပ် ၂၁ သိန်းတန်ဖိုးရှိ နှာခေါင်းစည်း ၂၁၀၀၀ ခု ၊ Shangril-Leap ကုမ္ပဏီမှ ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ ပစွည်းများ ၊ AAA ဆေးဆိုင်မိသားစု မှငွေကျပ် ၁၀ , ၅၀၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း ၁၀၀၀၀ ခု ၊ ရာဘာလက်အိတ် ၅၀၀၀ စုံ နှင့်မြတ်ဓမ္မစဉ် လူမှုကူညီရေးအသင်းမှ ငွေကျပ် ၃, ၉၂၀၀၀တန်ဖိုးရှိ ပစ္စည်းများကိုလှူဒါန်းကြရာ လှူဒါန်းပွဲသို့ တက်ရောက်လာ သည့်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကလက်ခံရယူပေးကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆန်းကျော်ဦး ( ပြန် / ဆက် )