ပေါင်းတည်၌ ၁၂၈ ကြိမ်မြောက် မြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၁၂၈ ကြိမ်မြောက် မြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်စေရေး လူထုပူးပေါင်းပါဝင်သည့် စုပေါင်းသန့်ရှင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရေတွင်းများအား ကလိုရင်းဆေးများလိုက်လံခတ်ပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ ရေနစ်မြုပ်ခံခဲ့ရသည့် ရေတွင်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလိုရင်းဆေးများ လိုက်လံခတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကန်သာယာရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးတက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးတက်ရောက် ညောင်ရွှေ ဩဂုတ် ၁ မြို့နယ်(ပြန်/ဆက်)

မလှိုင်မြို့နယ်တွင် မိုးစပါးဆင်းသုခအထွက်နှုန်းကောင်းစပါးမျိုးသရုပ်ပြစိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရုံးတောအုပ်စု၊ ကျောင်းစုကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက မိုးစပါးဆင်းသုခ အထွက်နှုန်းကောင်းစပါးမျိုးကို တောင်သူ ဦးဇော်ဝင်း၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ကလေးမြို့တွင် စက်ချုပ်နည်းပညာ အခြေခံသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ စက်ချုပ် နည်းပညာအခြေခံသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင် စောန်းဘုရားကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မိုင်းယောင်းမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် မိုင်းယောင်း သြဂုတ် ၁ ဝေဝေခိုင်(ပြန်/ဆက်)

ဟုမ္မလင်းမြို့နယ်၌ အငြိမ်းစားပင်စင်စားများအား UID Smart cart များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟုမ္မလင်းမြို့နယ် ဦးစီးမှူးရုံးမှ၊ မြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများအား၊ UID Smart cart များ နေ့စဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ငလျင်ဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ငလျင်ဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးအရှေ့၌ ကျင်းပသည်။
Subscribe to