ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဇူလိုင်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၄)မျိုး ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

မိုးကောင်းမြို၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကျင်းပ

မိုးနဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကျင်းပ မိုးနဲ ဩဂုတ် ၁ မြို့နယ်(ပြန်/ဆက်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ချီးမြှင့်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းမြို့၌ စိမ့်စမ်း‌ရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသရှိ ကျေးရွာ ၄ ရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲကို ယနေ့တွင် လွိုင်မွေတောင်စခန်းမြို့၌ ကျင်းပသည်။

ကြံခင်းမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ကျင်းပသည်။

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်မှ ရေဘေးသင့်ပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ ရေဘေးရှောင်စခန်းနှစ်ခုသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းတုံမြို့၌ အပတ်စဉ်‌ သောကြာနေ့တိုင်း ကုန်စုံပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း အပတ်စဉ် သောကြာနေ့တိုင်း ကုန်စုံပစ္စည်းများဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီအချိန်က လမ်းမတော်လမ်းရှိ မြို့မပန်းခြံထောင့်၌ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ထင်‌ကျော်ဦးဆောင်၍ တပ်နယ်မိသားစုများက အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to