ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆီထွက်သီးနှံ ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆဋ္ဌမအကြိမ်မြောက် Type-3 ဆီထွက်သီးနှံရန်ပုံငွေ ပြန်လည်ထုတ်ပေးခြင်းအခမ်းအနားကို ဝက်တိုးကျေးရွာ၌ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း အကြိုကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရှည်(၁)မိုင်ကျော်ခန့်ရှိသော ကုန်ထုတ်လမ်းအားဖောက်လုပ်ရန် ကျွဲပေါင်ပင်ကျေးရွာသို့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အီလက်ထနောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဆက်လက်ဖွင့်လှစ်

အီလက်ထနောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဆက်လက်ဖွင့်လှစ် သုံးခွ သြဂုတ် ၁ စည်သူလင်း (ပြန်/ဆက်)

ကယားပြည်နယ် စက်မှုဇုန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ တွေဆုံပွဲ လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်ရှိ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် လွိုင်ကော်စက်မှုဇုန်လုပ်ငန်းရှင်များ၊ ဆန်၊ ဆီ၊ ပြောင်းလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များနှင့် တွေဆုံပွဲကျင်းပရာ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ စက်မှုဇုန်စီမံခန့််ခွဲမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အေဂျင်စီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရူစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းမှ ပြည်သူများအား ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရေဘေးရှောင်စခန်း(၂၉)ခုရှိ အိမ်ထောင်စု (၃၀၀၂)စု၊ လူဦးရေ (၁၁၉၄၂)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ စီစဥ်မှုဖြင့် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ရွှေဆံတော်ဇာတ်ရုံ ရေဘေးရှောင်စခန်း၌ ကျင်းပသည်။

မဒေါက်မြို့၌ စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ခဲ့ရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ ဇူလိုင် (၃၀)ရက် နံနက်ပိုင်းက စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် မဒေါက်မြို့မ (၁)/(၂)ရပ်ကွက်မှ ယခင်အိမ်ခြေ/အိမ်ထောင်စု(၅၉)စု လူဦးရေ(၂၁၂)ဦးတို့အား မြို့မ(၁)ရပ်ကွက်၊ အင်းချောင်ကျောင်းဟောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းထားရှိပြီး မြို့မ(၁)ရပ်ကွက်၊ ကျောင်းကြီးပိုင်း(၁)၊ (၂) အနိမ့်ပိုင်းနေသည့် အိမ်ခြေ/အိမ်ထောင်စု(၇)စု၊ လူဦးရေ(၄၀)ဦးတို့အား အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံရွှေ့ပြောင်းထားခဲ့ရာ ဇူလိုင် ၃၀ ရက် နံနက်(၁၀)နာရီအချိန်ထိ အိမ်ခြေ/အိမ်ထောင်စု (၆၆)စု၊ လူဦးရေစုစုပေါင်း (၂၅၂)ဦးအထိ ရွှေ့ပြောင်းထားရှိကြောင်း သိရသည်။
Subscribe to