မအူပင်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားအား ယမန်နေ့မွန်းတည့် ၁၂ နာရီက အမှတ်(၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေး ရှင်လင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ အင်္ဂပူမြို့နယ်တွင် ၂၀၂၅-၂၀၂၆-ခုနှစ် မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိ‌ရေးအတွက် ဓာတ်‌မြေဩဇာကြဲပက်ပွဲတက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြိုနယ်၊ တလိုင်းကွင်း‌ကျေးရွာအုပ်စု၊ သ‌ပြေတုန်းလဲကျေးရွာတွင် ယနေ့နံနက်ပိုင်းက (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိ‌‌ရေးအတွက် ဓာတ်‌မြေဩဇာကြဲပက်ပွဲ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်အခြေခံပညာအထက်တန်း ကျောင်းတွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ဓမ္မရုံတွင် ကျင်းပသည်။

သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာမှ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါ (၁၇၈၇) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါ (၁၇၈၇) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငလျင်ဘေးအန္တရာယ် အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ငလျင်ဘေးအန္တရာယ် အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ် မုံရွာ၊ ဩဂုတ် ၁ ခရိုင်(ပြန်/ဆက်)

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရေနံတောင်(အ.ထ.က)ကျောင်းမှ ဝိဇ္ဇာဘာသာတွဲဖြင့် နိုင်ငံတော်အဆင့် ၆ ရရှိသူတစ်ဦး၊ (ဝိပ္ပံဘာသာတွဲ)ဖြင့် တိုင်းဒေသကြီးအဆင့်(၈)ရရှိသူတစ်ဦးနှင့် ရေနံတောင်(အထက)ကျောင်းအုပ်ဆရာမကြီးတို့၏ ရင်တွင်းစကားသံများ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရေနံတောင်(အ.ထ.က)ကျောင်းမှ ဝိဇ္ဇာဘာသာတွဲဖြင့် နိုင်ငံတော်အဆင့် ၆ ရရှိသူတစ်ဦး၊ (ဝိပ္ပံဘာသာတွဲ)ဖြင့် တိုင်းဒေသကြီးအဆင့်(၈)ရရှိသူတစ်ဦးနှင့် ရေနံတောင်(အထက)ကျောင်းအုပ်ဆရာမကြီးတို့၏ ရင်တွင်းစကားသံများ ကြံခင်း ဩဂုတ် ၁ ဖြိုးဝေလင်း(ကြံခင်းပြန်/ဆက်)

ကန့်ဘလူမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to