ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်စေရေး လူထုပူးပေါင်းပါဝင်သည့် စုပေါင်းသန့်ရှင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အေးမြသာယာရပ်ကွက် သံလမ်းကူးလမ်းဆုံနေရာမှ ဂျာမိုင်ကောင်း ရပ်ကွက်၊  မြို့သစ်ကြီးကွက်သစ်၊ မြေမြင့်ရပ်ကွက်၊ မိုင်းတဲကွေ့လမ်းဆုံ၊ ရန်ကြီးအောင်ရပ် ကွက်၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားဘူတာအထိ မီးရထားသံလမ်းတစ်လျှောက် အပိုင်း (၈) ပိုင်းဖြင့်  နေရာခွဲဝေသတ်မှတ်ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများနှင့် စိမ်းလန်းစိုပြည်ရေးအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကွက်သူ/ ရပ်ကွက်သားများ၏ သံလမ်းဘေးဝဲ/ယာတစ်လျှောက် သစ်ပင်ခြုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှု ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းပါဝင်ဆောင်ရွက်ပေးကြသူများအား နံနက်စာ ကောက်ညှင်းပေါင်း၊ အကြော်စုံနှင့် ရေသန့်ဘူးများကို လိုက်လံကျွေးမွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် သံလမ်းတစ်လျှောက် ကပ်လျက်ရှိသည့် ကျောက်ချောလမ်းအား အဆင့် မြှင့်တင်ခင်းကျင်းပေးနိုင်ရေး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အနေဖြင့် ယခင်က ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအတွက် မီးရထားဖြင့်သာ အဓိက သွား/လာပို့ဆောင်ခဲ့ရသော်လည်း  ၂၀၂၁ ခုနှစ်နောက်ပိုင်း အကြမ်း ဖက်မှုဖြစ်စဉ်များနှင့် CDM ဝန်ထမ်းများကြောင့် မီးရထား သွား/လာခြင်းကို (၂)နှစ်ကျော် ရပ်ဆိုင်းထားခဲ့ရာမှ ပြည်နယ်အတွင်း မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း မီးရထားပြေးဆွဲခြင်း ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)