ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရေတွင်းများအား ကလိုရင်းဆေးများလိုက်လံခတ်ပေး

ဘီးလင်း ဩဂုတ် ၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ ရေနစ်မြုပ်ခံခဲ့ရသည့် ရေတွင်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလိုရင်းဆေးများ လိုက်လံခတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကန်သာယာရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကလိုရင်းဆေးများ လိုက်လံခတ်ပေးခြင်းကို ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကန်သာယာရပ်ကွက်သို့သွားရောက်၍ ရေနစ်မြုပ်ခံခဲ့ရသော ရေတွင်းများအား ကလိုရင်းဆေးများခတ်ပေးခြင်း၊ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်အောင် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)