ကလေး ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ စက်ချုပ် နည်းပညာအခြေခံသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင် စောန်းဘုရားကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းနိုင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်တန်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းမှ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များ၊ ဌာနမှ ချမှတ်ကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက် ဖွင့်လှစ်သွားမည့် သင်တန်းများပတ်သက်၍ ပြောကြားခဲ့ပြီး သင်တန်းသူ (၂) ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက်ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား၊ သင်တန်းဆင်းလက်မှတ်နှင့် ထုတ်ကုန် ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)