အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင်  မိုးရာသီမေဂျာပေါင်းစုံ ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ မေဂျာပေါင်းစုံ  ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲများ ဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Table tennis ပြိုင်ပွဲနှင့် ထုပ်စည်းထိုးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)  နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးနှင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိ ရေလှောင်တမံသို့ သွားရောက်ပြီး တမံပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ အရေးပေါ်ရေပိုလွှဲ တူးဖော်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

တောင်ကြီးမြို့၌ စက်ချုပ် သင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက နောင်လေးကျေးရွာအုပ်စု၊ ငိုမွိူးကျေးရွာ၊ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက်(၂၅)နှစ်အောက်အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူ့အားကစားရုံမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ခိုလမ်မြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌ ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက် အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ အဆိုပါကျောင်းရှိ မြတ်ရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းခတ်မြို့ အခြေခံပညာအထက်တန်း‌ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုံး၊ သွန်၊ လှဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာစာကြည့်တိုက် လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းစစ်ဆေးသည်။

ကျွန်းစုမြို့၌ သီးနှံအခြေခံ နှင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် လုပ်ငန်းအဖြစ် သီးနှံအခြေခံနှင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ (Smart Village) ၌ ဖွင့်လှစ်သည်။

ပရိယတ္တိသာသနဟိတအသင်း (၁၁၉) ကြိမ်မြောက် စာအောင်ပွဲ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ပရိယတ္တိသာသနဟိတအသင်း ဓမ္မဗိမာန်တော်တွင် အဆိုပါအသင်း၏ (၁၁၉) ကြိမ်မြောက် စာအောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတ(သကျသီဟ) သီးခြားဓမ္မာစရိယ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသည့် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၏ ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ   ကြွရောက်တော်မူကြပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးဇော်ဇော်တို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ စာအောင်သံဃာတော်များ၏ မိဘဆွေမျိုး၊ ဒါယကာ၊ ဒါယိကာမများ၊ တက်ရောက်ခဲ့ကြသည်။
Subscribe to