ကြံခင်းမြို့မဈေးကြီးအတွင်း အိုင်အိုဒင်းဆား ရောင်းချမှုအရည်အသွေးစစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်လျော့ချခြင်း အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ အိုင်အိုဒင်းဆားရောင်းချမှု၊ အရည် အသွေးစစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်များ လျော့ချသုံးစွဲရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မဈေးကြီးတွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ကြသည်။

ဓနုဖြူမြို့နယ်၌ အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဘုရားဝန်းအတွင်းဗိမာန်၌ ကျင်းပသည်။

လယ်ယာမြေပေါ်၌ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများ ဖြေရှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ဇူလိုင် ၃၀ ရက်နေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဓနုဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ လမ်းဆုံများ၌ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့ ဦးစန္ဒာလမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်(၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးလုပ်ကိုင်သည့် ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် တွံတီးကျေးရွာတွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းအစီအစဉ်ဖြင့် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to