ဟုမ္မလင်း ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟုမ္မလင်းမြို့နယ် ဦးစီးမှူးရုံးမှ၊ မြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများအား၊ UID Smart cart များ နေ့စဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ UID Smart cart များဆောင်ရွက်ပေးရာတွင်၊ ဟုမ္မလင်းမြို့နယ်အတွင်း အငြိမ်းစား ပင်စင်စားဝန်ထမ်း(၁၃၅၁)ဦးရှိကြောင်း ဟုမ္မလင်းမြိုနယ် မြန်မာ့စီးပွားရေးဘဏ်စာရင်းအရ သိရှိရသည်။
ထိုသို့၊ UID Smart cart လာရောက်ဆောင်ရွက်ကြသည့် အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟုမ္မလင်းမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများမှ UID Smart card များဆောင်ရွက်ပေးသည့်အပြင်၊ ဇီးဖျော်ရည်၊ အအေးများဖြင့် အာဟာရဒါနပြုလျက်ရှိကြောင်း၊ သိရှိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)