မလှိုင် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရုံးတောအုပ်စု၊ ကျောင်းစုကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက မိုးစပါးဆင်းသုခ အထွက်နှုန်းကောင်းစပါးမျိုးကို တောင်သူ ဦးဇော်ဝင်း၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးစပါးဆင်းသုခ အထွက်နှုန်းကောင်းစပါးမျိုး စိုက်ပျိုးခြင်းကို တောင်သူဦးဇော်ဝင်း၏ ကွင်းအမှတ်(၂၂၁) ဦးပိုင်အမှတ်(၁၁)ဧရိယာ(၀.၅၈)ဧကတွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) စက်ဖြင့် သရုပ်ပြစိုက်ပျိုးခဲ့ကြပြီး၊ မိုးစပါးဆင်းသုခ အထွက်နှုန်းကောင်းစပါးမျိုး စိုက်ပျိုးပွဲသို့ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ကြည်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျောင်းစုကျေးရွာရှိ စပါးစိုက်ပျိုးသော အကျိုးဆောင်တောင်သူ (၁၂)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မလှိုင်(ပြန်/ဆက်)