ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီး အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီးအဆင့်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။