ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ နိုင်ငံတော် အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲ အချိန် ကံကလေး အုပ်စုရှိ ငါးမွေးတောင်သူ (၁၃) ဦး၏ ငါးကန် ၇၄၇ ဒဿမ ၁၀ ဧက အတွက် သုံးလက်မအရွယ် ငါးသားပေါက် (၁၄၉၄၂၀၀) ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းပန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား အချိန်နှင့်တစ်ပြေးညီ ဆော်သြ

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက်တို့အား အချိန်နှင့်တစ်ပြေးညီ ပြည်သူများ အမျိုးသားရေး အသွင်ဖြင့် သိရှိလိုက်နာကြစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ Hand Speaker များ ဖြင့်လည်းကောင်း ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှစတင်၍ ဆော်သြလျက်ရှိကြောင်း သိရှိရသည်။

အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုအား အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့နယ်လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုအားအခမဲ့ဖြန့်ဝေမှုကို ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်က မြို့မစျေးကြီးနှင့် ရွာထောင်တပ်စျေးတို့တွင် ပြုလုပ်ခဲ့သည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ယာဉ်လိုင်းများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ယာဉ် လိုင်းများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီပြေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၈)နာရီ က ငန်းရိုင်းမော်တော်ယာဉ်ကားဂိတ်တွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၌ သြဂုတ်လကုန်အထိ မိုးစပါးစိုက်ဧက ၃၆ သိန်းကျော်စိုက်ပျိုးပြီးစီး

ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်ခြောက်ခု၌ သြဂုတ် ၃၁ ရက်နေ့ အထိ မိုးစပါး ၃၆၄၇၄၅၆ ဧကကို စိုက်ပျိုးပြီးစီးနေကြောင်းနှင့် အဆိုပါပမာဏသည် ယခင်နှစ်ကထက် ဧက ၁၃၇၇၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၂၂)ဦးအား မီးရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ စက်တင်ဘာလ (၆)ရက်နေ့တွင် အမျိုးသား (၁၃)ဦး ၊ အမျိုးသမီး (၉)ဦး စုစုပေါင်း (၂၂ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ အသောကလမ်းသွယ်(၄) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် အသစ်တည် ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်းတို့ဖြင့် မြို့သာယာလှပရေးကို ဆောင်ရွက်လျက်ရှိရာတွင် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ မြစ်သာမြစ်ရှောင်လမ်းနှင့် အသောကလမ်းကို ဆက်သွယ်ထားသည့် အသောကလမ်းသွယ်(၄) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဩဂုတ် ၂၅ ရက်နေ့မှစ၍ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ငွေဆောင်မြို့တွင် Mask Campaign ပြုလုပ်ပြီး Mask (၂၀၀၀) ဖြန့်ဝေပေး

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီက ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုး တက်‌ရေးအသင်း၊‌ မေတ္တာဖောင်ဒေးရှင်း၊ ပြည်ကြီးခင်၊ ATAA၊ Irrawaddy CSOs Network တို့မှ ငွေဆောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ လိုက်လံ၍ အသိပညာပေး စာစောင်များ ပေးဝေခြင်းနှင့် Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ပရဟိတ လူငယ်အဖွဲ့မှ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် Maskများအခမဲ့ဖြန့်ဝေ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ပရဟိတလူငယ်အဖွဲ့မှ COVID-19 ရောဂါကူး စက်ပြန့် ပွားမှုမှ ကာကွယ်နိုင်ရန် Maskများကို ယမန်နေ့နံနက်ပိုင်းက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြ သည်။

မွန်ပြည်နယ် လမိုင်းမြို့၌ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လမိုင်းမြို့သို့ ဝင်ရောက်လာသူများအား စစ်ဆေးဆောင်ရွက်

မွန်ပြည်နယ်၊လမိုင်းမြို့၊မြို့မ(၁)ရပ်ကွက်ရှိ လမိုင်းမြို့ဘူတာရုံသို့ ဆိုက်ရောက်လာသော ခရီး သွား ပြည်သူများအား COVID-19. ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာ များ နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ် အချိန်က လမိုင်းမြို့သို့ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ခဲ့ကြသည်။
Subscribe to