ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​ကျွေး​ရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီး အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​ကျွေး​ရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီးအဆင့်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရေမြောင်းများဆယ်ယူခြင်း လုပ်ငန်းနှင့် Box  Culvert (မြေအောက်ပိုက်လိုင်း) တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း စည်ပင်သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့်ခြင်ပေါက်ပွားမှု ထိန်းချုပ်ရေးအတွက်  (၁၆၈) ရပ်ကွက် ကမ်းနားလမ်းတလျောက် ရေမြောင်းများအတွင်း အမှိုက်များ နှင့်မြက်များ ပြန်လည် ဆယ်ယူခြင်းနှင့် ပဲခူးမြစ်လမ်းတလျောက် ရေမြောင်းများပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကွမ်းအပ်မင်းသားကြီးလမ်းနှင့် (၉၀)၊ (၇၉)၊(၈၀)၊ (၅၈) ရပ်ကွက်များအတွင်းရှိ တည်ဆောက်လျက်ရှိသော Box Culvert(မြေအောက်ပိုက်လိုင်း)  များတည်ဆောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။

တုံတာမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းများအား ယမန်နေ့ နံနက် ၁၁နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆီဆိုင်မြို့၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့မဈေးရှေ့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ အသက် (၂) နှစ်​အောက်က​လေးများအား ပုံမှန်ကာကွယ်​ဆေးများ ထိုးနှံတိုက်​ကျွေး

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၌ အသက် (၂) နှစ်​အောက် က​လေးငယ်များအား EPI ပုံမှန်ကာကွယ်​ဆေးထိုးနှံတိုက်​ကျွေးခြင်းကို မိခင်နှင့်က​လေးကျန်းမာ​ရေးဦးစီးဌာနတွင်ယမန်​နေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနဝန်ထမ်းများက ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Subscribe to