မော်လိုက်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မော်လိုက်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြိုစုပေါင်းသန့်ရှင်းရေးကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မော်လိုက်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော် ဦးစီးသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးသူနှင့် ခရိုင်/မြို့နယ်/မြို့မရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် စုစုပေါင်းအင်အား (၅၀) ဦးဖြင့် ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး