တိုက်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

တိုက်ကြီး၊ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်း)ခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ Cash for Work စီမံကိန်းဖြင့် မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအား ယမန် နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များ နှင့်အတူ တိုက်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော သနပ်ချောင်းကျေးရွာအုပ်စု၊ သနပ်ချောင်းဘူတာကျေးရွာတွင် အုတ်ခဲ ကျိုးခင်းခြင်း၊ သဲကြပ်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ အလဘုတ်ကျေးရွာအုပ်စု ဓမ္မိတ်ကျေးရွာတွင် ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် ခုနှစ်ကျိုက်(အနောက်)ကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)