ဖား​ဆောင်းမြို့နယ်၌ အသက် (၂) နှစ်​အောက်က​လေးများအား ပုံမှန်ကာကွယ်​ဆေးများ ထိုးနှံတိုက်​ကျွေး

ဖား​ဆောင်း၊ စက်တင်ဘာ  ၆

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၌ အသက် (၂) နှစ်​အောက် က​လေးငယ်များအား EPI ပုံမှန်ကာကွယ်​ဆေးထိုးနှံတိုက်​ကျွေးခြင်းကို မိခင်နှင့်က​လေးကျန်းမာ​ရေးဦးစီးဌာနတွင်ယမန်​နေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနဝန်ထမ်းများက ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် မြို့​ပေါ်ရပ်ကွက်များရှိ အသက် (၂) နှစ်​အောက်က​လေးငယ်များအား အသည်း​ရောင်အသားဝါ(ဘီ)၊ပိုလီယို​ရောဂါ၊ ပြင်းထန်အဆုတ်​ရောင်​ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်း​​လျှော​ရောဂါ၊ ဆုံဆို့-ကြက်ညှာ-​မေးခိုင်-အသည်း​ရောင်အသားဝါ(ဘီ)၊ ဦး​နှောက်အ​မြှေး​ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်​ရောဂါများဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက် EPI  ပုံမှန်ကာကွယ်​ဆေးထိုးနှံတိုက်​ကျွေးခြင်း၊ ကိုယ်အ​လေးချိန်ချိန်​ပေးခြင်း၊ ကျန်းမာ​ရေးအသိပညာ​ပေးခြင်းများကို​ဆောင်ရွက်ကြကြောင်းနှင့် ကိုယ်ဝန်​ဆောင်မိခင်များကိုလည်း ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ပုံမှန်ကာကွယ်​ဆေးထိုးနှံတိုက်​ကျွေးရန် လာ​ရောက်သည့် မိခင်နှင့်က​လေးများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် လက်ကိုစနစ်တကျ​ဆေး​ကြော​စေရန် လက်​ဆေး​ဘေစင်များထားရှိခြင်း၊ Hand gel အသုံးပြု​စေခြင်း၊ နှာ​ခေါင်းစည်းMASK များ စနစ်တကျ တပ်ဆင်​စေခြင်းနှင့် လူစုလူ​ဝေးမဖြစ်​စေ​ရေး (၅)ဦး တစ်ကြိမ် စနစ်တကျ ထိုးနှံတိုက်​ကျွေး​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)