လသာ စက်တင်ဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ကျင်းပနိုင်ရေး၊ နိုင်ငံရေး ပါတီများ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန် များ စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြ ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ရှင်းလင်း ပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)