ကလေးဝ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ပါးစပ် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခဲ့သည်။
မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဂျေဘီရိုင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်များသည် ပြည်သူ့အားကစားကွင်း၌ ယာယီဖွင့်လှစ်ထားသော ပျံကျဈေး၌ ဈေးသည်၊ ဈေး ဝယ်များနှင့် မြို့မဈေးရှေ့ လူစည်းကားရာ နေရာများတွင် ပါးစပ် နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်ဝေပေးခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)