ဒီပဲယင်းမြို့နယ်တွင် ပျိုးသက်နုကောက်ကွက်ကျဲစနစ် (SRI) စိုက်ခင်းတွင် ကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်းနှင့် သမန်းနှိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဒီပဲယင်း  စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် မိုးရာသီတွင်   စိုက်ပျိုးရေကို ချွေတာသုံးစွဲနိုင်သည့် သီးနှံစိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲစိုက်ပျိုးလျက်ရှိရာ တွင် ပျိုးသက်နု ကောက်ကွက်ကျဲစနစ် (SRI) စိုက်ခင်းတွင် ကြားပေါင်းလိုက်ကိရိယာဖြင့် ပေါင်းရှင်း ခြင်းနှင့် သမန်းနှိုးခြင်း လုပ်ငန်းများကို တောင်သူများ စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှ ိကြောင်း သိရပါသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း (KC) နယ်မြေအလိုက် ပျိုးသက်နုကောက် ကွက်ကျဲစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူများအတွက်ကြားပေါင်းလိုက် ကိရိယာ (၅၀) လက် ထောက်ပံ့ပေးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှ သိရပါ သည်။

ကြားပေါင်းလိုက် ကိရိယာမသုံးမီတစ် ရက်ကြိုတင် ရေသွင်းထားရန်နှင့် ပြောင်းရွေ့ စိုက်ပြီး နောက် (၁၀)ရက် အကြာတိုင်းတွင်လိုအပ်ချက်ကိုကြည့်၍ ဆယ်ရက်ခြားအ နည်ဆုံး နှစ်ကြိမ်မှ လေးကြိမ်ထိ ကြားပေါင်းလိုက်ကိရိယာဖြင့် သုံးစွဲနိုင်ကြောင်း ကြားပေါင်းလိုက် ကိရိယာ အသုံးပြုခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းနိုင်ပြီး မြေဆီလွှာအတွင်း ပြန်လည် နှစ်မြုပ် ထည့်သွင်း ပေးခြင်းဖြင့် အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းပေးခြင်း၊ ဓါတုဆေးဝါး သုံးစွဲမှုကို လျှော့ချ နိုင်ခြင်း၊ သီးနှံပင်အမြစ်များ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ အပင် ပွားစည်းမှု များခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း သိရပါသည်။

သိန်းထွန်း(ဒီပဲယင်း)