ကျောင်းကုန်းမြို့၌ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ငါးကောင်ရေ(၄)သိန်းခွဲ ငါးမျိုး စိုက်ထည့်

ကျောင်းကုန်း   စက်တင်ဘာ   ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေပြင်နှင့် အင်းချောင်းများ အတွင်း ငါးကောင်ရေ (၄)သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ယနေ့နံနက် ၈ နာရီအချိန်က ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပခဲ့သည်။

သဘာဝငါးသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ ငါးထုတ်လုပ်မှုများ လျော့နည်းမသွား စေရန်နှင့် ပြည်သူများ ငါးစားသုံးမှု တိုးတက်လာစေရန် ရည်ရွယ်၍ သဘာဝရေပြင်နှင့်အင်းချောင်း များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ အဆိုပါ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားတွင် ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ငါးမြစ် ချင်း ကောင်ရေ(၂)သိန်းခွဲ၊ ငါးခုံးမကြီးကောင်ရေ(၁)သိန်းနှင့် ရွှေဝါ ငါးကြင်းကောင်ရေ(၁)သိန်း၊ စုစု ပေါင်း (၄)သိန်းခွဲအား သဘာဝရေပြင်နှင့်အင်းချောင်းများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)