မယ်စဲ့မြို့နယ်၌ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုးကျရောက်မှုအား ကွင်းဆင်းစစ်ဆေး

မယ်စဲ့ စက်တင်ဘာ ၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဝမ်ကန်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် စပါးဖြုတ်ပိုး ကျရောက် နေသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးစပါးစိုက်ခင်းများတွင် ဖြုတ်ပိုးကျရောက်နေသော စိုက်ခင်းများအား ဖြုတ်ပိုး ကာကွယ်နှိမ်နင်းရေး နည်းစနစ်များကို တောင်သူများကို ပညာပေးပြောကြားကာ လိုအပ်သည့်ဆေးများကို ထောက်ပံ့ပေးခဲ့သည်။

မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မိုးစပါးဘက်စုံအဆင့်မြင့်သုံး စံပြကျေးရွာ ဧက (၃၀၀)နှင့် မိုးနှမ်း GAP ဧက(၃၅၀)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ စိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ပိုးမွှားရောဂါကျရောက်နေသော စိုက်ခင်းများအတွက် ကာကွယ် ကုသရန်နည်းလမ်း များ ပညာပေးခြင်း မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများကို အခမဲ့ဖြန့်ဖြူး ထောက်ပံ့ခြင်းနှင့် စနစ်တကျ သုံးစွဲရန် နည်းလမ်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)