ကျေးသီး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက စတင်၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျေးသီး-မိုင်းကိုင်၊ ကျေးသီး-မိုင်းရယ်၊ ကျေးသီး-မိုင်းနောင်မြို့မှ နေ့စဉ်ဖြတ်သန်း သွားလာလျက်ရှိသော ယာဉ်မောင်း များ၊ ခရီးသွားပြည်သူများအား ကိုယ် အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းများနှင့် အမည်စာရင်းရေး သွင်းခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင် သွား လာကြရန် အသိပေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိ ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်အတွင်း မိဘပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီခွဲ အထိအရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သဲစုပိုင် (ပြန်/ဆက်)