ကျောင်းကုန်း စက်တင်ဘာ ၉
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လိုက်လံစစ်ဆေးခဲ့ ကြသည်။
အဆိုပါအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းမင်းဗိုလ်၊ မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာဂျေကမ္ဘာငြိမ်းချမ်းနှင့် သူနာပြုများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြမြသင်းနှင့် အဖွဲ့များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြပြီး ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားချက်မရှိသေးကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)