ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်ရှိ မီတာဖတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ မိဘပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အန္တရာယ်သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ မိဘပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများက 11/0.4kV ထရန်စဖော်မာများတွင် လျှပ်စစ်အန္တရာယ်သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဉ် (၈) ဆက်လက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၈)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍ ဆက်လက်သင်ကြားကြောင်း သိရသည်။

ကြံခင်းမြို့၌ ဆောင်းဆီထွက်သီးနှံ ပဲပုပ်လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရန် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်းဆီထွက်သီးနှံ ပဲပုပ်လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရန် တောင်သူနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၈နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အင်းချောင်ဘုန်းကြီးကျောင်းဟောင်းတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက် မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ ဒေသကြက်များမွေးမြူလုပ်ကိုင်ရန် ကြက်ကောင်ရေ ၁၀၀ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ ခွင့်ရန်ပုံငွေဖြင့် နားခံကျေးရွာအုပ်စု ကာမလန်းကျေးရွာမှ အိမ်ထောင်စု ၁၀ စု အားတစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူးရေး လုပ်ကိုင်နိုင်ရန်အတွက် ဒေသကြက်ကောင်‌ရေ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ခဲ့‌ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အလုံ) ကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ပေါ် ရပ်ကွက်(၂)ခုတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ဒေါပုံမြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ အ.လ.က(၂) ကျောင်းတွင် တာ၀န်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to