ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်ရှိ မီတာဖတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဩဂုတ် ၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ နေအိမ်များတွင် ဓာတ်အားဖြန့်ဖြူးထားရှိမှု၊ ဓာတ်အား ပျောက်ဆုံးမှု၊ ဓာတ်အားခကြွေးကျန် အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ မီတာယူနစ်များအား စနစ်တကျမှန်ကန်စွာဖတ်ရှု၍ မှတ်တမ်းရေးသွင်းရေး၊ မီတာချို့ယွင်းမှုများတွေ့ရှိပါက သတ်မှတ်ထားသည့် လျှပ်စစ်ပုံစံတွင် စနစ်တကျရေးသွင်း၍ တာဝန်ရှိသူအဆင့်ဆင့်ထံ စနစ်တကျတင်ပြရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများအား စစ်ဆေးဖော်ထုတ်အရေးယူရေး၊ စီးပွားရေးလုပ်ငန်းများ သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရရှိရေး၊ မီတာယူနစ်ဖတ်ချက်များမှန်ကန်စေရေး၊ ဓာတ်အားခကောက်ခံရရှိငွေများအား လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန် တာဝန်ရှိသူအဆင့်ဆင့်တို့မှ စိစစ်ကြပ်မတ်ဆောင်ရွက်ရေးတို့အား အသေးစိတ်မှာကြားခဲ့ပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မီတာဖတ်ဂဏန်းများ မှန်ကန်မှုရှိစေရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်