ဒေါပုံမြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒေါပုံ  ဩဂုတ်  ၂

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ အ.လ.က(၂) ကျောင်းတွင် တာ၀န်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အ.လ.က (၂) ကျောင်း၀င်းအတွင်းရှိ အမှိုက်များ၊ မြက်ပင်များနှင့် သစ်ကိုင်းများကိုရှင်းလင်းခြင်း၊ ရေ၀ပ်သည့်နေရာများကို ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းနှင့် ခြင်များပေါက်ဖွားနိုင်သည့် နေရာများကို အဘိတ်‌ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် အသိပညာပေးပိုစတာများကို ဖြန့်ဝေပေးခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းများကို ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)