မိုးနဲမြို့နယ်၌ ဒေသကြက်များမွေးမြူလုပ်ကိုင်ရန် ကြက်ကောင်ရေ ၁၀၀ ထောက်ပံ့ပေးအပ်

မိုးနဲ   ဩဂုတ်   ၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ ခွင့်ရန်ပုံငွေဖြင့် နားခံကျေးရွာအုပ်စု ကာမလန်းကျေးရွာမှ အိမ်ထောင်စု ၁၀ စု အားတစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူးရေး လုပ်ကိုင်နိုင်ရန်အတွက် ဒေသကြက်ကောင်‌ရေ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ခဲ့‌ ကြောင်းသိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာ စကားပြောကြားပြီး မြိုနယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်လင်းက ဒေသကြက်များထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကာမလန်းကျေးရွာမှ အိမ်ထောင်စု(၁၀)စုအား အိမ်ထောင်စုတစ်စုလျှင် လသားကြက်ငယ် အထီး တစ်ကောင်၊အမ ၉ ကောင်နှုန်းဖြင့် စုစုပေါင်း ကြက်ကောင်ရေ ၁၀၀ ကောင်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)