ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အမျိုးသား/အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

တပ်ကုန်းမြို့အတွင်း ကျေးရွာသုံးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာ “သုတအလင်းရောင်” စာကြည့်တိုက်၊ အိုင့်ကျယ်ကျေးရွာ “ဉာဏ်မြင့်မိုရ်” စာကြည့်တိုက်နှင့်သစ်ဆိန်ပင်ကျေးရွာ “လမ်းပြကြယ်မေတ္တာအလင်း” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂ ရက် နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။

နမ့်စန်မြို့ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၍ ဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွိုင်လကျေးရွာအုပ်စု၊ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာဘုန်းကြီးကျောင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ မိုးစပါးများ ဆက်လက်စိုက်ပျိုး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှုအခြေနေမှာပိုမို၍စိုက်ပျိုးရန်အတွက် အခြေအနေကောင်းသောကြောင့် မိုးစပါးများကိုနေ့စဉ် ဆက်လက်စိုက်ပျိုးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမီးလောင်ခဲ့သည့် မန္တလေးတက္ကသိုလ် ပင်မဆောင်အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံတို့အား ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်န

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်နှင့်အတူ မီးလောင်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင် အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းဘူးခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ဒေသတွင်း စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများကို ဥယျာဉ်ဇင်ကျေးရွာ၊ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။

ကြံခင်းမြို့နယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဝမ်းသာပီတိစကားနှင့် နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းအဆင့်ကျောင်းမှ ငါးဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ တာဝန်ရှိသူများ၏ရင်တွင်းစကားသံများ

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် Top Ten ဝင် အဆင့် (၈) ရရှိသည့် ကျောင်းသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ‌၌ သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် Top Ten ဝင် အဆင့် (၈) ရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)မှ မအိငွေစည်ဟိန်း (လေးဘာသာဂုဏ်ထူးရှင်)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

စလင်းမြို့နယ်တွင် ရဟန်းသံဃာနှင့် သီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား စုပေါင်းအာရုံ ဆွမ်းလောင်းလှူ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးတွင်ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို စလင်းမြို့ သာသနဟိတဆွမ်းလောင်းအသင်းမှ ဦးဆောင်ကြီးကြပ်၍  ယနေ့ ၁၃၈၇ ခုနှစ်  ဝါခေါင်လဆန်း၁၀ရက်  ၅ နာရီ ၃၀ မိနစ်အချိန်က စျေးမရပ်ကွက် သာသနဟိတဆွမ်းလောင်းအသင်းကြီးရှေ့တွင်စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Subscribe to