ဟိုင်းကြီးကျွန်း သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ မိဘပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများက 11/0.4kV ထရန်စဖော်မာများတွင် လျှပ်စစ်အန္တရာယ်သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ထရန်စဖော်မာအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် 11/0.4kV ထရန်စဖော်မာဝန်းအတွင်း ကလေးများနှင့် တိရိစ္ဆာန်များ ဝင်ရောက်မှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိုးတွင်းရာသီတွင် လျှပ်စစ်မီးကြိုးများ ပြတ်ကျနိုင်မှုအန္တရာယ်များအား မကြာခဏ အသိပညာပေးပြောကြားကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်းပြန်/ဆက်)