ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုများ ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ် ၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာကျောင်းများမှကျောင်းသား/ကျောင်းသူလေးများက “ဘက်စုံပညာကိုယ်ရည်ဒို့လှမ်းချီ” တေးသီချင်း၊တိုင်းရင်းသားရိုးရာအကအလှများဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ငလျင်ဘေးထိခိုက်ပျက်စီးခဲ့သောလမ်းများပြန်လည်ပြုပြင်နေမှု ကွင်းဆင်းစစ်ဆေး၊ မိုးစပါးသဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ပေါင်းစပ်ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းနှင့်သံတောင်လမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးနှင့် (၃)ဘာသာဂုဏ် ထူးဖြင့်ထူးချွန်စွာအောင်မြင်သည့် ကျောင်းသူ(၁)ဦး စုစုပေါင်း(၁၂)ဦးတို့နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-11)လူရည်ချွန်ကျောင်းသား(၁)ဦးတို့အား လည်းကောင်း၊ သင်ကြားပြသပေးခဲ့သော ဆရာ၊ ဆရာမများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

​ရွှေဘိုပြည်သူ့​ဆေးရုံ၌ (၁)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ချမ်းမြေ့လေးထပ်ဆောင် (ရွှေဘိုပြည်သူ့ ဆေးရုံဝင်းအတွင်း)တွင် လစဉ်တစ်နှစ်အောက်ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်‌​ဆေးထိုး‌​ပေးခြင်း(EPI)၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ vitamin A ဆေးလုံးတိုက်ကျွေးခြင်း၊ အဏု အာဟာရမှုန့်ဖြန့်ဝေ‌ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး (Td) ထိုးပေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုလတွင်လဆန်း(၁)ရက်နေ့မှ(၄)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လစဉ်ရွှေဘိုမြို့နယ်အပါအဝင်ဝက်လက်၊ ခင်ဦးနှင့် အခြား မြို့နယ်များမှလာရောက်ထိုးနှံကြပါသည်။

မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

‘လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ‘ ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့ပေါ်ရပ်ကွက်နေ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဟဲဟိုးမြို့ ပုန်းအင်းကျေးရွာ၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသ

ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြသာနာများ လျော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့် ရာသီအချိန်မှီ စိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှု လျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့် တောင်သူများလက်တွေ့ကျကျ သိရှိနားလည်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအား တွင်ကျယ်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းတို့မှ ပူးပေါင်းကျင်းပသည့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်း‌  ကျေးရွာရှိ တောင်သူ ဦး‌ကျော်နိုင်စိုး၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပုန်းအင်း‌‌ကျေးရွာဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြဝတီမြို့နယ်တွင်ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Servey)များကောက်ယူရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ထိုင်းမြန်မာချစ်ကြည်ရေးအမှတ်(၁)တံတား၌ ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ နိုင်ငံတကာခရီးသွားဧည့်သည်များ၏ဝိသေသလက္ခဏာရပ်များကို သရုပ်ဖော်ရန်၊ ခရီးစဥ်ဒေသများသို့လာရောက်ရခြင်းရည်ရွယ်ချက်များ၊ ခရီးသွားလာမှုအနေအထား၊ နေထိုင်မှုကာလနှင့်အသုံးစရိတ်ဝန်ဆောင်မှုများအပေါ်စိတ်ကျေနပ်မှုအနေအထားများကိုသိရှိနိုင်စေရန်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Survey)များ ကောက်ယူခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ကြသည်။

ရေနံချောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်သည်။

ငါန်းဇွန်မြို့အ.ထ.က၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား/သူများအား ခင်မောင်ညို(ဘောဂဗေဒ)မှ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော ဂုတ်ထူးရကျောင်းသား/သူများအား ခင်မောင်ညို(ဘောဂဗေဒ)မှဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်စန်းမြင့်က Facebook ၊ Viber ၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြု ရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
Subscribe to