ဂန့်ဂေါ၌ နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဂန့်ဂေါမြို့တွင် အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးလှမျိုးထွန်း၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အားကစားဝါသနာရှင်များပူးပေါင်းကျင်းပသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ရပ်ကွက်နေပြည်သူအသင်းများပါဝင်သည့် ၂၀၂၅ ခုနှစ် နည်းဗျူ ဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကိုဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူးဗိုလ်မှူးကြီးလှမျိုးထွန်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျောင်း သား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။                          

အိမ်မဲမြို့နယ်တွင် လူထုကျန်းမာရေးလုပ်ငန်းများ (၆)လပါတ်ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာန၏ လူထုကျန်းမာရေးလုပ်ငန်းများ (၆)လပါတ်ဆန်းစစ်ဆွေးနွေးပွဲနှင့် ဆေးရုံလုပ်ငန်းများဆောင်ရွက်မှုဆန်းစစ်ဆွေးနွေးပွဲအား ဇူလိုင်လ(၃၀)ရက်နှင့်(၃၁)ရက်နေ့များ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်မြို့ပေါ်ရှိဂိုဏ်းပေါင်းစုံဘုန်းတော်ကြီးကျောင်း(၁၀၀)မှ ဝါဆိုသံဃာ တော်အပါး(၁၀၀)အား မြိတ်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင် အလှူရှင်များ၏စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ဩဂုတ်(၂) ရက် နေ့လယ်(၁)နာရီက ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး လိုအပ်သောဓာတ်မြေဩဇာစာရင်း၊ Drum Seeder များ ရရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်း ရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေး လိုအပ်သောဓာတ်မြေဩဇာစာရင်း၊ Drum Seederများ ရရှိနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ(၁)ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ခန္တီးမြို့၌ (ပထမ)အကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ စေတနာရှင် အလှူရှင်များစုပေါင်းကာ (ပထမ) အကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ) အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ)အခမ်းအနားအား ယနေနံနက် (၉) နာရီက အမှတ် (၁၁) ရပ်ကွက်ရှိ မှန်ပင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ဂျပန်ယဉ်ကျေးမှုနှင့်ပညာရေးပြပွဲကျင်းပ

ဂျပန်နွေရာသီပွဲတော်နှင့် ဂျပန်ပညာရေး အကြောင်းကိုလေ့လာသိရှိခွင့်ရရှိမည့် ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးပြပွဲကို ဩဂုတ်၂ ရက် နံနက်၁၀နာရီတွင်ရန်ကုန်မြို့ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးရှိ M-Tower (၁၈ လွှာ) ၌ ကျင်းပသည်။

အုတ်တွင်းမြို့နယ်တွင် ဘဝအဖော်မွန် ကျေးရွာစာကြည့်တိုက်ရန်ပုံငွေဖြင့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ခင်တန်းကျေးရွာ ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၏ ရန်ပုံငွေဖြင့် (၇) ကြိမ်မြောက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အမက(မူလွန်) ခင်တန်းကျောင်း၌ ပြုလုပ်သည်။
Subscribe to