ပန်းတနော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၈)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍ ဆက်လက်သင်ကြားကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်အား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သန္တာမြင့်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား /သင်တန်းသူ(၁၀၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဇူလိုင်လ(၁၄)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့အထိ သင်တန်း အပတ်စဥ်(၁၀)ခုဖြင့် ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်