ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ချီးမြှင့်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘားအံခရိုင်အတွင်းသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်၍ ဘားအံခရိုင်အတွင်း ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၉၅၉၀)စု၊  လူဦးရေ(၄၀၂၈၄)ဦးအတွက် ၂၀၂၅ ခုနှစ် ဧပြီ၊မေ၊ဇွန်(၃)လ အတွက် တစ်ဦးလျှင်တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာထောက်ပံ့ငွေကျပ် ၂၄၁၇၀၄၀၀၀ဝိ/-(နှစ်သောင်းလေးထောင်တစ်ရာ့ခုနှစ်ဆယ်သိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

စေတုတ္တရာမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ် လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများသတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဆုချီး​မြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် (၆)ပေါက်တန်းခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ​​ဘောလီ​ဘောပြိုင်ပွဲဆု​ချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်၌  ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလီ​ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ ည​နေ ၄ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးတွေ့ဆုံ ဆွေးနွေး သွင်းအားစုများ EM ဖျော်ရည်များပေးအပ်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက်မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တပ်မတော်သားများ စုပေါင်း၍သစ်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်အလင်းဖွင့်ခြင်းနှင့် ရေစီးရေလာကောင်းမွန်‌စေရေးတို့အတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့်မြန်မာတိုင်း ရင်းသားလူမျိုးနွယ်စုများအားကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကိုပန်းခင်းစီမံချက် (၃)ဖြင့်မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သာကေတမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့်၊ အာဟာရအုပ်စု(၃)စု ချက်ပြုတ်နည်းပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့်၊ အာဟာရအုပ်စု(၃)စု ချက် ပြုတ်နည်းပြိုင်ပွဲကို ၁/ထူပါရုံရပ်ကွက်၊ အထက(၁)အခြေခံပညာအထက်ကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသင်တန်းဖွင့်လှစ်

ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသင်တန်းကို သြဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်၌ တိုင်းဒေသကြီးအဆင့် ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟ အသင်းကြီး၏ တိုင်းဒေသကြီးအဆင့်ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက် နံနက် ၇ နာရီအချိန်က ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်း ပြည့်စေ‌တီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ  ဩဂုတ်လ ၂ ရက်နေ့၊ နံနက် ၉ နာရီချိန်က အမှတ်(၃၂) ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။   
Subscribe to