ညောင်လေးပင် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အင်းချောင်ဘုန်းကြီးကျောင်းဟောင်းတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက် မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့အတွင်း စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အင်းချောင်ဘုန်းကြီးကျောင်းဟောင်းတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်အိမ်ထောင်စု (၅၉)အုပ်စု၊ လူဦးရေ (၂၁၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၀၀၀၀) ကျပ်တိတိအား ညောင်လေးပင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)