အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

အုတ်တွင်း စက်တင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နတ်စင်ကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရေသိုးကျေးရွာ၊ ကြက်သွန်ခင်း (၂)ရပ်ကွက်တို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြရန် စသည်တို့ကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်း များနှင့် ကိုရိုနာဗိုင်းရပ်ရောဂါ(COVID-19) မိမိကစ၍ကာကွယ်ပါ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခင်မာ(ပြန်/ဆက်)