ပန်းဘဲတန်း စက်တင်ဘာ ၁၀
ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်အတွင်း အိမ်တိုင်ရာ ရောက် လိုက်လံဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရပါသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့် ဇော်၊ အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ အိမ်တိုင်ရာရောက်ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ကိုဗစ်-၁၉ရောဂါလက္ခဏာများ ခံစားနေရခြင်း ရှိ၊ မရှိမေးမြန်းခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
နေခြည်(ပြန်/ဆက်)