နောင်တရား စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကျေးလက် ကျန်းမာရေးဌာနမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ရှိသည်။
ကာကွယ်ဆေးများထိုးနှံရာတွင် မွေးကင်းစမှ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲ၊ ကိုးနှစ်၊ ဆယ်နှစ်ဟု၍ လအလိုက်၊ နှစ်အလိုက် ခွဲခြားပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ဆေးများကို သတ်မှတ်ထားသည့်အကြိမ်နှင့် သတ်မှတ်ထားသည့်အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များတွင် ပြင်းထန် တီဘီ ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါတို့မှ ကာကွယ် ပေးနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ ကာကွယ်ဆေးထိုးခြင်းကို လူတိုင်းထိုးနှံနိုင်ရေးအတွက် ကလေးမိဘများက ပူးပေါင်း ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)