လယ်ဝေးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး စကားဝိုင်းပြုလုပ်

လယ်ဝေး စက်တင်ဘာ         ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက  လူကုန်ကူးမှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေး နေပြည်တော်တပ်ဖွဲ့စုမှ ဒုရဲမှူး သူဇာလွင်၊ မန္တလာရောင်စဉ် Women Empowerment and Gender Equality မှ Counsellor ဒေါ်သက်သက်နွယ်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်တို့က လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ထားသည့် ရည်ရွယ်ချက်၊ လူကုန်ကူးမှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရာများ၊ လူကုန်ကူးခြင်းနည်းလမ်းများ၊ လူကုန်ကူး ခံရသည့် ထူးခြားဖြစ်ရပ်များ၊ လူကုန်ကူးခံရသူများအား ကယ်တင်ကူညီပေးနိုင်မည့် နည်းလမ်းများ၊ အဆက်အသွယ်များ၊ လူကုန်ကူးခံရသူများအား နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်း ဆောင်ရွက် နေမှုများအား အသိပညာပေးဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ကိုဗစ်-၁၉  ဖြစ်ပွားနေသည့် ကာလအတွင်း Online မှတစ်ဆင့် ကလေးငယ်များအတွက် ပုံပြောခြင်း၊ အရုပ်ခေါက်ခြင်း၊ စာကြည့်တိုက် စာအုပ်မိတ်ဆက်ခြင်း၊ စာရေးဆရာများ၏ စာပေဘဝခရီးနှင့် အသိပညာပေး Talk Show များကို ရိုက်ကူးကာ လယ်ဝေးမြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက် Pageနှင့် IPRD Leiway Page များတွင် လွှင့်တင်၍ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)