အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် ကျန်းမာရေးစစ်ဆေးမှုများ စာရင်းကောက်ယူခြင်း ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ တောင်သူကုန်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ကျန်းမာရေးစစ်ဆေးမှုများ စာရင်းကောက်ယူခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်သော  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာ နော်သန္တာ ဆွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း၊မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ ဝင်များ၊မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက တောင်သူကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက် ၍ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသက်ရှု လမ်းကြောင်း ဆိုင်ရာ (COVID-19 Disease) ရောဂါ ကူးစက်ခံရခြင်း မရှိစေရန်၊ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်၊ ပြည်သူများ မဖြစ်မနေ ပြင်ပသို့ သွား လာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊လူစုလူဝေးရှောင် ကြဉ်ရန်၊ မိမိနေရပ်သို့ ပြန်လာသည့် ပြည်သူများ ဝင်ရောက် လာမှုရှိ လျှင် သက်ဆိုင်ရာ ကျန်းမာရေး ဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ အသိပေး အကြောင်း ကြားရန်၊တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ နေကြရန် စသည်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များကို ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက် သွားမည်ဖြစ်ရာ  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)