(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် စက်တင်ဘာ  ၁၀

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်သော်၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သန့်စင်ဦး၊ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီး သန်းအေးနှင့်တာဝန် ရှိသူများ၊ ခုတင်(၁၀၀၀) ဆေးရုံမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ အောင်မြတ်သူနှင့် သွေးလှူဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသူ ရဲတပ်ဖွဲ့ဝင်(၃၀)ဦးတို့က အဖွဲ့()ဖွဲ့ခွဲ၍ သွေး လှူဒါန်း ခဲ့ကြရာ နေပြည်တော်ရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီး ခင်မောင်သော်က သွေးလှူဒါန်းခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအတွက် ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)