မြင်းမူမြို့ ကန့်သတ်စောင့်ကြည့်ထားသောနေရာသို့ ဝင်ရောက်လျှက်ရှိသည့် ပြည်တွင်း / ပြည်ပ ပြန်များ ထံမှ တို့ပတ်များရယူကာ ဓါတ်ခွဲရန်ပေးပို့

မြင်းမူ စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက် များနှင့်အညီ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာကြသူများအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ တိုင်းရင်းဆေးရုံတွင်သီးသန့်ထားရှိခဲ့ရာ  စက်တင်ဘာ လ(၉) ရက် (ယမန်နေ့)နံနက်ပိုင်းက ယင်းတို့တွင်  ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေး နိုင်ရန် အတွက် ယင်းတို့ထံမှ (swap) များရယူကာ  မန္တလေး သို့ပေးပို့ခဲ့ကြောင်း  သိရှိ ရသည်။

ယင်းဆေးရုံတွင် Quarantine ဝင်ရောက်နေထိုင်သူ (၁၈)ဦးရှိကြောင်း ၊ တရုပ်နိုင်ငံမှ ပြန်လာသူ (၂)ဦးရှိပြီး ကျန်ရှိသူများမှာ ပြည်တွင်းပြန်များဖြစ်ကြောင်း၊ အများဆုံးမှာ ရခိုင် ပြန်များ ဖြစ် ကြောင်း၊ ယခုချိန်ထိ အားလုံးမှာကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း၊ မြို့နယ် ကျန်းမာရေးဌာန၊ ဆရာမ ဒေါ်ခင်ခင်သန်းထံမှသိရှိရသည်။

မြင်းမူမြို့နယ်အတွင်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများ အားရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပါ်စေရေးထိန်းချုပ်ကာကွယ်ရန်အတွက်တိုက်နယ်ဆေးရုံအပါအဝင် နေရာ(၄)နေရာအား    Quarantine   စခန်းများအဖြစ်ဖွင့်လှစ်ထားရှိကာ  ယင်းနေရာ များ သို့   ဝင်ရောက်လျှက်ရှိသည့် ပြည်တွင်း/ ပြည်ပပြန်လာသူများ၏  ကျန်းမာရေး ဆိုင်ရာ များကိုကျန်းမာရေးဌာနဝန်ထမ်းများနှင့်အတူသက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက ပူးပေါင်းစောင့်ကြပ်ပေးလျှက်ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)