ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

နေပြည်တော် စက်တင်ဘာ ၁၀

နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေး မြို့နယ်အတွင်းရှိ ကျေးရွာ များသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို လယ်ဝေးမြို့နယ်အတွင်းရှိ ခရမ်းကိုင်းကျေးရွာ၊ ဆင်ဆိပ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မကျည်းကုန်းကျေးရွာနှင့် သရက်ခုံကျေးရွာများသို့ အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)