ညောင်ဦး၊ စက်တင်ဘာ ၁၁
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အကြိုအဖြစ် ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့ခရိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ နှာခေါင်းစည်းများဝေပေးခဲ့ကြောင်း ဒေါ်မြတ်နိုးဝေ(ဦးစီးအရာရှိ) က ပြောကြားသည်။
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့(World Ozone Day) ၃၅ နှစ်မြောက် အိုးဇုန်းလွှာကာကွယ်ထိန်းသိမ်းမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သက်ရှိများအတွက် အိုးဇုန်းလွှာက အကျိုးပြုမှု (Ozone for Life ; 35 Years of Ozone Layer Protection) ဆောင်ပုဒ်အတိုင်း လူသားအား လုံး ပါဝင်ဆောင်ရွက်နိုင်ပါရန် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အို ဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day)အကြိုအဖြစ် ညောင်ဦးမြို့တွင် နှာခေါင်းစည်း Mask အခု ၃၀၀၀ အား မြို့တွင်း၊ မြို့ပြင်သွားရောက်မည့် မော်တော်ကားပေါ်မှပြည်သူများ၊ သုံးဘီးဆိုင်ကယ်ပေါ်မှ ပြည်သူများ၊ ဆိုင်ကယ်စီးနင်းသူများအား ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်နေ့တွင်လည်း နှာခေါင်းစည်းများ ထပ်မံဝေပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေးရှောင်းရှားစေခြင်းနှင့် နှာခေါင်းစည်းများတပ်ဆင်သွားလာသည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရေး ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရန်နှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အကြို နှာခေါင်းစည်းများ ထပ်မံဝေပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD