မော်လမြိုင် စက်တင်ဘာ ၁၁
မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် အထူးရဲနည်းပြ(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ယနေ့နံနက်ပိုင်း၌ ကျင်းပရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က တက်ရောက်၍ သင်တန်း ဆင်းမိန့်ခွန်း ပြောကြားခဲ့ ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး သိန်းနိုင်၊ ပြည်နယ်ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်အောင်၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထူး၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းသိန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးစီးအရာရှိများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီ၊ နည်းပြအရာရှိများ၊ သင်တန်းသား အရာရှိနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ တက် ရောက်ကြ သည်။
အဆိုပါ အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်းကို (၃၁-၈-၂၀၂၀) ဩဂုတ်လ ၈ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားအရာရှိ (၃၀) ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြုလုပ်ကျင်းပခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)