ဘုတလင်မြို့၊ ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ဘုတလင်   စက်တင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်သူ့ အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန် ထံမှ သိရသည်။

ဘောလုံးကွင်း ပွဲကြည့်စင်မှာ အလျား ပေ ၁၀၀၊ အနံ ၂၈ ပေ ရှိသည့် RC တစ်ထပ် ပွဲကြည့်စင် ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ၂၉ ဒဿမ ၂ သန်းဖြင့် Friends Teach 99 ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပြောသည်။

အဆိုပါပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြည်သူ့အားကစားကွင်းတွင် ဘောလုံး ကွင်း ပွဲကြည့်စင်အဟောင်းကိုလည်း ပြန်လည်ပြုပြင်ထားသည့်အတွက် ယခု တည်ဆောက်ပြီးစီး သည့် ပွဲကြည့်စင် အသစ်အပါအဝင် ပွဲကြည့်စင် နှစ်စင် ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)