မိုင်းလုံမြို့၌ တရုတ်နိုင်ငံမှပြန်လာသူ နေရပ်ပြန်(၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင် တို့ဖတ်စစ်ဆေးချက်အဖြေများ ထုတ်ပြန်

မိုင်းလုံ စက်တင်ဘာလ ၁၄

​ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့တိုက်နယ် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီရိနောင်နှင့် ကိုဗစ်−၁၉ရောဂါ  ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များပူးပေါင်း၍ တရုတ်နိုင်ငံမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၉)ဦးထံမှ စက်တင်ဘာ ၁၁ ရက်နေ့က  အာခေါင်တို့ဖတ်နမူနာ ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မိုင်းလုံမြို့ အောက်ရပ်ကွက်၊ ခနီ္တရပ်ကွက်၊ နမ့်ပိန်ရပ်ကွက်နှင့်လွယ်ခမ်းကျေးရွာတို့တွင်နေထိုင်သည့် နေရပ်သို့ပြန်လည် ရောက်ရှိ လာသူ အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၄)ဦး၊ကလေး(၁)ဦးတို့၏ စစ်ဆေးချက်အဖြေသည် (negative) ဖြစ်ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)